ပင်မစာမျက်နှာ - ဗီဒီယိုများ - အကာအကွယ်အောက်၌ ဗီဒီယိုမှသတင်း

 
အကာအကွယ်အောက်၌ ဗီဒီယိုမှသတင်း
အကာအကွယ်အောက်၌ ဗီဒီယိုမှသတင်း
ဆရာ/ဆရာမ: ဂျွန် ဘီဗဲရ်

ကြီးမြတ်သောဘုရားသခင်၏ အရိပ်အောက်တွင် လွတ်မြောက်ခြင်း လုံခြုံမှုနှင့် ထောက်ပံ့ခြင်းရှိသည်။ သို့သော်ဤ လျို့ဝှက်နေရာကို လူအများက နားမလည်၊ မသိရှိကြပေ။ မှန်ကန်ပြီး ကြာရှည်ခိုင်မြဲ တည်တံ့သော လွတ်လပ် (လွတ်မြောက်) ခြင်းသည် ဘုရားသခင်၏ ဘုန်းအာဏာအပြင်ဘက်၌သာ ရှာတွေ့နိုင်သည်ဟု သူတို့သည် လှည့်စားခြင်းခံနေကြရသည်။

`အကာအကွယ်အောက်၌´ စာအုပ်တွင် ဘုရားသခင်၏ ဘုန်းအာဏာကို အသိအမှတ်ပြုပြီး ဆက်နွယ်မှုမပြုနိုင် အောင်ကျွန်ုပ်တို့ ရန်သူစာတန်အသုံးပြုတတ်သော နူးညံ့သိမ်မွေ့သည့် နည်းပရိယာယ်ကို ဂျွန်ဘေဗဲရ်က ဖော်ပြ ပေးထားသည်။ လက်တွေ့ကျသော ဥပမာများနှင့် ကျမ်းစာကို အခြေခံပြီး ဘုရားသခင်၏ နိုင်ငံတော်အကြောင်း ကိုလည်း ကျွန်တော်တို့ကို ပြန်လည်အသိပေးထားသည်။ ဘုရားသခင်၏ နိုင်ငံတော်ဆိုသည်မှာ ဘုရင်ကြီးတစ်ပါး က အုပ်ချုပ်စိုးစံပြီး အမိန့်၊ ဘုန်းအာဏာရှီသော နိုင်ငံတော်ဖြစ်သည်ဟု ဂျွန်ဘေဗဲရ်က ကျွန်တော်တို့ကို ပြန်၍ အသိပေးထားသည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်အမှန်တရားကို သင်လက်ခံထွေးပိုက်လိုက်သည်နှင့် သင့်ကို တရားသဖြင့်သော် လည်းကောင်း၊ မတရားသဖြင့်သော်လည်းကောင်း ဆက်ဆံပြောဆိုခြင်းများကို မည်သို့တုန့်ပြန်ရမည်ကို သင်သည် သင်ယူတတ်လာပါလိမ့်မည်။ ကျမ်းစာအရ အပ်နှံဆက်ကပ်ခြင်းနှင့် နာခံခြင်းအမှန်၏ ထူးခြားမှုကိုလည်း သိမြင် တွေ့ရှိလာပါလိမ့်မည်။ ဤသို့ဖြင့် ဘုန်းအာဏာရှိခြင်းအတွက် ဘုရားသခင်၏ ရည်ရွယ်ချက်ကိုလည်း ပို၍ပို၍ နားလည်လာပါမည်။ ဤတရားဒေသနာက သင့်ကို ဘုရားသခင်၏ ပြည့်စုံကြွယ်ဝခြင်းနှင့် ဖြစ်ခြင်း၌ လျှောက်လှမ်း စေပါလိမ့်မည်။

Share