ပင်မစာမျက်နှာ - စာအုပ်များ - သန့်ရှင်းသော ဝိဉာဉ်တော် မိတ်ဆက်စာအုပ်

သန့်ရှင်းသော ဝိဉာဉ်တော် မိတ်ဆက်စာအုပ်
ဆရာ/ဆရာမ: ဂျွန် ဘီဗဲရ်

ပထမတပည့်တော်များသည် ယေရှုနှင့်အတူ သုံးနှစ်သုံးမိုး အချိန်ကုန်လွန်စေခဲ့ကြသည်။ ယေရှုနှင့်အတူ လိုက် လျှောက်အသက်ရှင်ခဲ့ကြပြီး ယေရှုပြောသမျှစကားများကိုလည်းကြားခဲ့ကြသည်။ ယေရှုကို လက်ဝါးကပ်တိုင်ပေါ် ၌ မသတ်ခင်အချိန်တိုလေးခဏတွင် ယေရှုကသူ၏အနီးဆုံး၊ အခင်မင်ဆုံးသော သူငယ်ချင်းများကို မကြာခင် ထားခဲ့ဖို့လိုသည်။ အကြောင်းထိုသို့ထားခဲ့သော်လည်း သန့်ရှင်းသော ဝိဉာဉ်တော်က သူတို့ကို ကူညီရန် ဆင်းလာ မည်ဖြစ်ကြောင်း ပြောခဲ့သည်။ နေ့စဉ်ယေရှုနှင့်အတူ ရှိနေခဲ့ကြသော တပည့်တော်များ အတွက်တောင်မှ သန့်ရှင်း သော ဝိဉာဉ်တော်ကိုလိုအပ်နေလျှင် ကျွန်တော်တို့၏နေ့စဉ်ဘဝအတွက် ဆိုလျှင် ပို၍ပင် လိုအပ်သည်မဟုတ်လော့။

ဤစာအုပ် (သတင်းစကား) တွင် စာရေးဆရာ ဂျွန်ဘီဗီရ်က သန့်ရှင်းသော ဝိဉာဉ်တော်ကို မိတ်ဆက်ပါလိမ့်မည်။ သန့်ရှင်းသော ဝိဉာဉ်တော်၏ ပင်ကိုဖြစ်ခြင်းအကြောင်း၊ တန်ခိုးစွမ်းအားအကြောင်းနှင့် သူ့ကိုပို၍ကောင်းကောင်း သိနိုင်ရန် ဤသတင်းစကားမှ သင် သင်ယူနိုင်မည် ဖြစ်သည်။ ဘုရားသခင်နှင့် ခရီးနှင်ရာ ခရီးလမ်းတွင် သင်ဘယ် နေရာမှာ ရှိနေသည်။ ရောက်နေသည်ဆိုသည့်အချက်မှာ အရေးသောအချက် မဟုတ်ပါ။ သန့်ရှင်းသော ဝိဉာဉ်တော်မိတ်ဆက်စာအုပ်က ထာဝရတည်မြဲသောသူ၊ သင့်ကို ထာဝရချစ်နေသော သူနှင့် ပို၍ နီးစပ်လာအောင် ကူညီပေးပါလိမ့်မည်။

ဒေါင်းလုပ်ဆွဲရန် (~2.2 MB)

Share