လက္ရွိဘာသာစကား: my မြန်မာစာ

ဘာသာစကား

ပင်မစာမျက်နှာ - စာအုပ်များ - စာတန်၏ ငါးမျှားစာ

စာတန်၏ ငါးမျှားစာ
ဆရာ/ဆရာမ: ဂျွန် ဘီဗဲရ်
ဤဘာသာစကားဖြင့်လည်း ဖတ်ရှုနိုင်သည်:

စာတန်၏ ငါးမျှားစာ”စာအုပ်သည် ယုံကြည်သူများကို ဘုရားသခင်၏အလိုတော်မှလမ်းလွဲစေရန် စာတန် အသုံးပြုသည့် ကောက်ကျစ်စဉ်းလဲသောထောင်ချက်တစ်ခုအကြောင်း -မှားယွင်းခြင်း- ကို ဖော်ပြထားသည်။ လူများစွာတို့သည် ဤထောင်ချောက်၌ပိတ်မိကြသည်၊ ပိတ်မိ၍ပိတ်မိမှန်းပင် မသိကြပေ။

လှည့်ဖြား မခံပါနှင့်။ “မှားယွင်းစရာအကြောင်းရှိရမည်”(လုကာ၁၇း၁) ခရစ်တော်မိန့်တော်မူသည်။ အမှား ခံမည်၊ မခံမည်ကို သင်မရွေးချယ်နိုင်ပါ။ သို့သော် မည်သို့တုန့်ပြန်မည်ကိုမူ သင်ရွေးချယ်နိုင်သည်။ သင်သည် အမှားအယွင်းကို မှန်ကန်စွာတုန့်ပြန်နိုင်လျှင် သင်သည် ပို၍ခါးသီးခြင်းမဟုတ်ဘဲ ပို၍သန်မာလာ ပါလိမ့်မည်။ မှန်ကန်စွာတုန့်ပြန်ခြင်းကသာလျှင် ဘုရားသခင်နှင့် အဆီးအတားကင်းစွာ ဆက်ဆံနိုင်စွမ်းကို ပေးနိုင်သည်။

ဤသတင်းစကားအားဖြင့် ဂျွန်ဘီဗဲရ်သည် သင့်ကို မယုံကြည်မှုနှင့်သံသယကင်းပြီး ဘုရားသခင်၏အလို တော်၌တည်ရန် စွမ်းအားပေးလိမ့်မည်။ သင်သည် သားကောင်စိတ်ဓာတ်ကိုဖယ်ရှားပြီး တပ်မက်ခြင်း၊ စိတ်ပျက်ခြင်းကင်းကင်းဖြင့် နေထိုင်နိုင်မည်။ သင်သည် ဘုရားသခင်ထံဝန်ခံအပ်နှံခြင်း၏ ပို၍မြင့်မား သောအဆင့်ကို တွေ့ရှိသောအခါ သင်၏အသက်တာ၌ ခွင့်လွှတ်ခြင်း၊ ပြန်လည်သင့်မြတ်ခြင်း၊ တိုး၍ ၀မ်းမြောက်ခြင်းတို့ဖြင့် ပြည့်ဝပါလိမ့်မည်။

ဒေါင်းလုပ်ဆွဲရန် (~1 MB)

Share