ပင်မစာမျက်နှာ - စာအုပ်များ - ခြိမ်းခြောက်မှုကို ချိုးဖောက်ခြင်းစာအုပ်

ခြိမ်းခြောက်မှုကို ချိုးဖောက်ခြင်းစာအုပ်
ဆရာ/ဆရာမ: ဂျွန် ဘီဗဲရ်

ကျွန်တော်တို့ဘဝတစ်နေရာရာမှာ ခြိမ်းခြောက်မှု၊ ကြောက်လန့်မှုကို ခံကြရပါမည်။ အဘယ့်ကြောင့် ထိုအရာဖြစ်ပျက် ခဲ့သလဲ၊ အနာဂတ်မှာမည်ကဲ့သို့ရှောင်ရှားရမည်။ မည်ကဲ့သို့ တားဆီးရမလဲ ဆိုသည်ကို သင်သိပါသလား။ သင်မသိ လျှင် ဤပြသနာကို သင်မိတ်ဆက်တင်ပြရပါမည်။

သင့်ကိုခြောက်လှန့်သော သူ (သို့မဟုတ်) အရာကို မျက်နှာချင်း ဆိုင်သင်ရင်ဆိုင်သော အခါ သင်သည် အသစ်သော ရဲစွမ်းသတ္တိနှင့် ယုံကြည်စိတ်ချမှုတို့နှင့် သင်အသက်ရှင်မည် ဖြစ်သည်။ ၂ တိမောသေ ၁း၇ က `ဘုရားသခင်သည် ကြောက်တတ်သော ခရစ်တော်ကတိပေးခဲ့သည့်လွတ်မြောက် ခြင်းနှင့် ရဲစွမ်းသတ္တိရှိစွာ လျှောက်လှမ်းရမည့်အချိန်ဖြစ်သည်။

ဤသတင်းစကား (စာအုပ်) တွင် စာရေးဆရာ ဂျွန်ဘီဗီရ်က ခြောက်လှန့်မှုဖြစ်စေမည့်အဓိက အရင်းအမြစ်ကို ဖော်ထုတ်ပေးထားသည်။ သင်သည် စိန်ခေါ်မှုကြီးခံရမည်ဖြစ်ပြီး သေစေလောက်အောင် ကြောက်စရာကောင်းသည့် ခြောက်လှန့်မှု ကြောက်ရွံ့မှုများကိုလည်း အဆုံးသတ်ရန် သင်သည် တန်ခိုးစွမ်းအား၊ အာဏာပေးခြင်းလည်းခံရ မည်ဖြစ်သည်။ ဘုရားသခင်ပေးထားသော လက်ဆောင်များကိုလည်း အသုံးပြုပြီး ဘုရားသခင်၏ နိုင်ငံတော် ကိုသင့်ဘဝတွင် တည်ထောင်နိုင်မည်ဖြစ်သည်။ စိတ်ဓါတ်ကျခြင်း၊ မျှော်လင့်ခြင်းကင်း မဲ့ခြင်းနှင့် ဇဝေဇဝါဖြစ်ခြင်း၊ ရှုပ်ထွေးခြင်းများမှလည်း လွတ်မြောက်နိုင်မည်ဖြစ်သည်။ ခြိမ်းခြောက်မှု (ကြောက်လန့်မှု) များကို ချိုးဖောက်ခြင်း စာအုပ်က သင့်ကို ဘုရားသခင်ပေးထားသော ခွန်အားနှင့် ကြီးမားသော အောင်မြင်မှုများရရှိပိုင်ဆိုင်ရန် ပြုပြင်ဖြည့် စွက်ပေးပါလိမ့်မည်။

ဒေါင်းလုပ်ဆွဲရန် (~1.3 MB)

Share