လက္ရွိဘာသာစကား: my မြန်မာစာ

ဘာသာစကား

ဆရာ/ဆရာမများ

ဂျွန် ဘီဗဲရ်သည် ရဲရင့်ပြီး စိတ်ထက်သန်ပြင်းပြသည်။ သူသည် Extraordinaryစာတန်၏ငါးမျှားစာThe Fear of the LordUnder Cover နှင့် Driven by Eternityအစရှိသည့် အရောင်းအသွက််ဆုံးစာအုပ်များကို ရေးသားပြုစုသည့် စာရေးဆရာဖြစ်သည်။ သူ၏စာအုပ်များကို ဘာသာစကားပေါင်း (၆၀)ကျော်သို့ ပြန်ဆိုထားသည်။ သူ၏ ==တမန်++ဟူသည့် အပတ်စဉ်ရုပ်မြင်သံကြား အစီအစဉ်ကို ကမ္ဘာ တစ်ဝှမ်းသို့ ရုပ်သံလွှင့်လျက်ရှိသည်။ ဂျွန်သည် အသင်းတော်နှင့် ညီလာခံများတွင် ကျော်ကြားသောတရား ဟောဆရာတစ်ပါးဖြစ်သည်။ ဂျွန်၏သာသနာသည် ဘုရားသခင်၏နည်းဥပဒေသကို သိရှိ၊ ကျင့်သုံးလို သည့်သူများကို အသက်တာပြောင်းလဲစေသည့် စာအုပ်အရင်းအမြစ်များပေးသည်။ ဂျွန်သည် ဇနီးသည််လီဆာ(သူမသည်လည်း လူကြိုက်အများဆုံးစာရေးဆရာမ၊ တရားဟောဆရာမတစ်ဦး ဖြစ်သည်)၊ သား လေးယောက်၊ ချွေးမများ၊ မြေးတို့နှင့် ကိုလိုရာဒိုစပရင်းတွင် ပျော်ရွှင်စွာနေထိုင်လျက် ရှိသည်။

ဒေါင်းလုပ်ဆွဲရန်ရှိသည့်အရာများကို ကြည့်ပါ အီးမေးလ် ဂျွန် ဘီဗဲရ်

စိတ်ထက်သန်ပြင်းပြသည်။ စိတ်တိုသည်။ ဆက်ဆံရေးကောင်းသည်။ သြဇာတိက္ကမ ကြီးသည်။ ဉာဏ်ရွှင် သည်။ ဤစကားလုံးများက နိုင်ငံတကာတရားဟောဆရာမ၊ လူကြိုက်အများဆုံး စာရေးဆရာမ၊ နိုင်ငံပေါင်း (၂ဝဝ)ကျော်တွင် ရုပ်သံလွှင့်သည့် “တမန်” ရုပ်မြင်သံကြားအစီအစဉ်၏ ပူးတွဲအစီအစဉ်မှူး လီဆာ ဘီဗဲရ်ကို ပုံဖော်ပေးသည်။ လီဆာသည် ဖတ်ရှု၊ကြားနာသူများကို လွတ်လပ်ခြင်းနှင့်ပြောင်းလဲခြင်း ပေးစွမ်း နိုင်စေရန် မိမိ၏ဘဝအတွေ့အကြုံများနှင့်ရောယှက်လျက် ဘုရာသခင်၏နှုတ်ကပတ်တော်ကို ရိုးသားပွင့် လင်းစွာ ဝေငှသည်။ သူမသည် တရားမျှတခြင်းကို ထောက်ခံသူအနေဖြင့် ရပ်နီး၊ရပ်ဝေးမှ ဆိုးဝါးသောပြ ဿနာများကို အဖြေရှာရန် အခြားသူများကို လှုံ့ဆော်စည်းရုံးသည်။ သူမသည် သူမဘဝ၏ချစ်ခြင်း မေတ္တာ ခင်ပွန်းသည်ဂျွန်ဘီဗဲရ်၊ ၄င်းတို့၏ သားလေးယောက်၊ အံ့မခန်းဖွယ်ရာချွေးမများ၊ ချစ်စဖွယ်မြေး လေးများနှင့် ပျော်ရွှင်စွာနေထိုင်လျက်ရှိသည်။

ဒေါင်းလုပ်ဆွဲရန်ရှိသည့်အရာများကို ကြည့်ပါ အီးမေးလ် လီဆာ ဘီဗဲရ်