လက္ရွိဘာသာစကား: my မြန်မာစာ

ဘာသာစကား

ပင်မစာမျက်နှာ - အကြောင်းအရာ

မိုးတိမ် စာကြည့်တိုက်

နိုင်ငံတကာတမန်သည် သင်းအုပ်နှင့်ခေါင်းဆောင်များ (နေရာဒေသနှင့်ငွေရေးကြေးရေးအခြေအနေကို မကြည့်ဘဲ)ထံ ဤစာအုပ်အရင်းအမြစ်များ ရောက်ရှိနိုင်ရန် ကမ္ဘာလုံးချီဗဟိုပြုဆပ်ကပ်ထားသည်။ ထိုရည်် ရွယ်ချက်ဖြင့် မိုးတိမ်စာကြည့်တိုက်ကို တည်ဆောက်ထားခြင်းဖြစ်ပါသည်။ ၄င်းသည် ဘာသာပြန်စာအုပ်များကို လွတ်လပ်စွာ တသီတတန်းဒေါင်းလုပ်ဆွဲနိုင်ရန် နိုင်ငံတကာဖြန့်ချီရေးကွန်ရက်အဖြစ် လုပ်ဆောင်ပါသည်။

ကျွန်ုပ်တို့၏ရည်ရွယ်ချက်မှာ အဓိကဘာသာစကားအားလုံး၌ ဤစာအုပ်အရင်းအမြစ်များ ရရှိနိုင်ရန် လုပ် ဆောင်ခြင်း ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့လူဦးရေ၏ ၉၈%ကျော်ထံ ရောက်ရှိနိုင်ရန်ကြိုးပမ်းနေပါသည်။မိုးတိမ်စာကြည့်တိုက်သည် ထိုဦးတည်ချက်ကို ပေါက်မြောက်အောင်မြင်စေမည့် လမ်းကြောင်းတစ်ခု ဖြစ် သည်။ အဘယ့်ကြောင့်နည်းဟု သင်မေးနိုင်ပါသည်။အဘယ့်ကြောင့်ဆိုသော် ကွန်ပျူတာစာအုပ်သည် စက္ကူစာအုပ်ထက် ပိုမိုလျင်မြန်စွာ ပြန့်ပွားစေနိုင်၊ ပေးပို့နိုင်ပါသည်။ မိုးတိမ်အတွေ့အကြုံကို သင်နှစ်ခြိုက် ပျော်ရွှင်လိမ့်မည်ဟု ကျွန်ုပ်တို့မျှော်လင့်ပါသည်။

ဖန်တီးသူတို့၏အမှာ

ယေရှုသည် ကျွန်ုပ်တို့ကို သတင်းကောင်းဟောပြောရန်သာ အမိန့်ပေးထားသည်မဟုတ် တပည့်တော်များ ပျိုးထောင်ရန်လည်း အမိန့်ပေးထားသည်။ ဤတရားတော်များက သင့်ကို ခရစ်တော်၏တပည့်တော်ဖြစ်ရန်
ကူညီပေးပါလိမ့်မည်။ ကျွန်ုပ်တို့သည် သင်၏လေ့ကျင့်မှုတွင် ရင်းနှီးမြှပ်နှံကြသည်။ အဘယ့်ကြောင့်ဆို သော် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် သင်၏ဦးဆောင်လွှမ်းမိုးနိုင်စွမ်းကို ပြောင်းလဲရန် သင်နှင့် သင်၏စွမ်းရည်ကို ကျွန်ုပ်တို့ ယုံကြည်သောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် သင်၌ ကြီးမားသောစွမ်း ရည်ကို ထားရှိသည်။ ဘုရားသခင်သည် သင့်ကို ရင်းနှီးကျွမ်းဝင်လိုသည်။ သင်သည် ဘုရားသခင်နှင့် ရင်းနှီးကျွမ်းဝင်သောတသီးပုဂ္ဂလဆက်ဆံရေးကို ရှာဖွေရရှိနိုင်ရန် ဤစာအုပ်အရင်းအမြစ်များက သင့်ကို ကူညီပါလိမ့်မည်။ သင်သည် ခရစ်တော်နှင့်ဆက်ဆံရေး တိုးတက်ကောင်းမွန်လာသည်နှင့်အမျှ နှုတ်ကပတ်တော်၏တန်ခိုးအားဖြင့် ပြောင်းလဲလာပါလိမ့်မည်။

ဘုရားသခင်သည် သင်၏ဝိညာဉ်ဆုကျေးဇူး၊ ဦးဆောင်နိုင်မှုနှင့် ထူးကဲလျော်ညီသည့်အရာအတွက် သင့်အား ဖန်ဆင်းခဲ့ခြင်းဖြစ်သည်။ သင့်အတွက် ဘုရားသခင် ပြင်ဆင်ထားသည့်အရာအလုံးစုံကို ရှာဖွေ ွရန် သင့်ကို ကျွန်ုပ်တို့တိုက်တွန်းပါသည်။ ထိုရှာဖွေခြင်းခရီးတွင် ဤစာအုပ်အရင်းအမြစ်များက သင့်ကို ပံ့ပိုးပေးစေရန် ကျွန်ုပ်တို့ ဆုတောင်းပါသည်။

သင်နှင့် သင့်မိသားစု/သာသနာအပေါ် ဘုရားသခင် ကောင်းချီးပေးပါစေ

ဂျွန် & လီဆာ ဘီဗဲရ်

ရူပါရုံကို ဝိုင်းဝန်းကူညီပါ

အသက်တာပြောင်းလဲစေသည့် စာအုပ်အရင်းအမြစ်များကို ကမ္ဘာတစ်ဝှမ်းသို့ ဖြန့်ချီနေသည်ကို သင်မြင် သောအခါ သင့်နှလုံးသားကိုတို့ထိပါသလား။ အကယ်၍ သင်သည် မိုးတိမ်စာကြည့်တိုက်သာသနာကို ကူညီပံ့ပိုးလိုလျှင် ကျေးဇူးပြု၍ getinvolved@cloudlibrary.org.သို့ အီးမေးလ် ပို့ပေးစေလိုပါသည်။ သင်၏ဆုတောင်းခြင့်နှင့် အကူအညီအတွက် ကြိုတင်ကျေးဇူးတင်ပါသည်။